What's Myanmar Dev Jobs Freelance Tab?


.

ကျွန်တော်တို့ MyanmarDevJobs ကို Run လာတာတစ်နှစ်ပြည့်ပါတော့မယ်။ ဘယ်အချိန်တုန်းက MyanmarDevJobs ကိုစခဲ့လဲဆိုတာ ကျွန်တော်တို့ Website ရဲ့ About မှာကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ Website မှာအလုပ်ပေါင်း 200 နီးပါးနှင့် အလုပ်ရှင်ပေါင်း 300 နီးပါး register လုပ်ခဲ့ကြပါတယ်။ Website ကို Subscribed လုပ်တဲ့ user ပေါင်း 1500 နီးပါးထိရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒါတွေကိုကြည့်ပြီး ပုံမှန်အလုပ်တင်တဲ့ Website တစ်ခုထက်ဘာတွေထက်ထည့်လို့ရမလဲကြည့်တော့ Freelance Tab ထပ်ထည့်ဖို့ Idea ရခဲ့တာဖြစ်ပါတယ်။

Freelance Tab ဆိုတာဘာလဲ။

Freelance Tab ဆိုတာဘာလဲ… အားလုံးဒါကိုသိချင်နေကြမှာအမှန်ပါဘဲ။ Freelance Tab ဆိုတာ Freelance Developer/Designer တွေ register လုပ်လို့ရမယ့် Navigation Tab တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Myanmar Dev Jobs မှာ Freelancers အဖြစ် Register လုပ်ပြီးသွားပြီဆိုလျှင် Freelancer ရှာနေတဲ့အလုပ်ရှင်တွေက MyanmarDevJobs မှ Freelancer တွေကို Direct Connect လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် အားလုံး Win Win ပေါ့။

Freelance Tab ကဘယ်တော့စမှာလဲ။

Freelance Tab ကို July လတစ်ရက်နေ့မှာစတင်အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Freelancer တွေကိုရှာတာ Direct Contact လုပ်တာကအစ အခမဲ့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။