Web Development လေ့လာနိုင်ရန်အကောင်းဆုံး YouTube Channel သုံးခု

Senior Web Developer Ko Sithu Aung

အခုဖော်ပြပေးမယ့် YouTube Channel တွေကို MyanamrDevJobs မှ Developer ကိုယ်တိုင်သေချာကြည့်ပြီးမှ ပြန် share ခြင်းဖြစ်ပါတယ်။ အကောင်းဆုံးဆိုပြီးသတ်မှတ်တာကလည်း MyanmarDevJobs ရဲ့ Choice ပါ။ သေချာတာတစ်ခုကတော့ ဂျင်း YouTube Channel တွေမဟုတ်ပါဘူး။

Codecoruse မှာအခြေခံ HTML/CSS နဲ့ JavaScript တွေအပြင် PHP/OOP/Laravel အစရှိတာတွေကိုလေ့လာနိုင်မှာဖြစ်ပြီးတော့ Web Developer တစ်ယောက်လိုအပ်တဲ့ Server Configuration တွေကအစဖော်ပြပေးတဲ့ website ဘဲဖြစ်ပါတယ်။

LevelUpTuts ကတော့ Frontend ပိုင်းကိုအသားပေးတဲ့ YouTube Channel တစ်ခုဘဲဖြစ်ပါတယ်။ Popular JavaScript Library တော်တော်များများရဲ့ Tutorial တွေရှိပြီးတော့ CMS တွေဖြစ်တဲ့ Drupal, Wordpress နှင့် Magento တို့အတွက်လည်း Tutorials တွေရှိပါတယ်။ Frontend လေ့လာချင်သူတွေအတွက်အတော်လေးအဆင်ပြေမယ့် Channel ဘဲဖြစ်ပါတယ်။

နောက် Channel တစ်ခုဖြစ်တဲ့ The Net Ninja ကတော့ Popular JavaScript Library တွေဖြစ်တဲ့ Vuejs/React/Angular2 အပြင် Web Development အခြေခံတွေဖြစ်တဲ့ HTML/CSS... PSD to HTML အစရှိတာတို့ကအစ... Nodejs/Django/MongoDB အစရှိတာတွေကိုပါလေ့လာနိုင်တဲ့ နောက်ထက် Channel ကောင်းတစ်ခုဘဲဖြစ်ပါတယ်။