ရုံးပိတ်ရက် Online မှ Courses များမှအသစ်လေ့လာချင်သူတွေအတွက် Learning Website သုံးခု

Senior Web Developer Ko Sithu Aung

ပထမဦးစွာ သီတင်းကျွတ်ရုံးပိတ်ရက်မှာ အားလုံးပျော်ရွှင်ဖွယ်ရာ ရုံးပိတ်ရက်တစ်ခုဖြစ်ပါစေလို့ MyanmarDevJobs Team မှနှုတ်ခွန်းဆက်သလိုက်ပါတယ်။ တစ်ချို့ကရုံးပိတ်ရက်မှာ ခရီးသွားကြပြီး တစ်ချို့က အင်တာနက်မှာ အသစ်အသစ်သော နည်းပညာ Course များကိုလေ့လာဖို့ကြိုးစားကြတက်တာပုံမှန်ပါဘဲ။ ကျွန်တော်တို့ကဒီနေ့မှာ Online ကနေအခမဲ့လေ့လာလို့ရမယ့် Courses တွေသင်ပေးနေတဲ့ sites တွေထဲကမှ Developer/Designer တွေအတွက်ပိုပြီးအဆင်ပြေစေမယ်ထင်တဲ့ sites တွေကိုဖော်ပြပေးပါမှာဖြစ်ပါတယ်။

1. Coursera

Coursera.org ကတော့အားလုံးသိကြတဲ့အတိုင်းတကယ့်အကောင်းဆုံး university ကနေသင်ကြားတဲ့ Course တွေကိုအခမဲ့လေ့လာသင်ယူလို့ရတဲ့နေရာ… MOOCs Website တွေထဲမှာလည်းအကြော်ကြားဆုံးတစ်ခုဖြစ်ပါတယ်။ Coursera မှာ computer science နှင့်ပတ်သတ်တာတွေတင်မကဘဲ တစ်ခြား Business, accounting အစရှိတာတွေကိုပါသင်ယူနိုင်မှာဖြစ်လို့ ရုံးပိတ်ရက်မှာတစ်ခုခုလေ့လာမယ်ဆိုတဲ့ သူတွေအတွက် နံပါတ်တစ်သွားကြည့်ရမယ့် Website တစ်ခုအဖြစ်ဖော်ပြလိုက်ပါတယ်။

2. Udacity

Udacity.com ကတော့သူ့ရဲ့ nano degree course တွေကအတော်လေးလူသိများကြပါတယ်။ Nano degree ကတော့ Paid ဖြစ်ပြီး Udacity ကတစ်ချို့ course တွေက free ဖြစ်ပြီးတော့ Beginner Friendly ဖြစ်ပါတယ်။

3. YouTube

YouTube.com ကတော့ရွေးချယ်စရာများလွန်းတဲ့ Free learning Place လို့ကျွန်တော်တော့မြင်ပါတယ်။ ကိုယ်လေ့လာမယ့် subject ကိုသေချာရွေးပြီး Channel တွေရဲ့ Playlist တွေကနေလေ့လာရင်ပို effective ဖြစ်ပါတယ်။ အဲ့လိုမဟုတ်ရင် YouTube Suggestion တွေထဲကနေ ကိုယ်လေ့လာနေတာနှင့်မဆိုင်တာတွေပါရောက်သွားတက်ပါတယ်။ (YouTube က Online Learning သီးသန့်နေရာမဟုတ်ပေမယ့် ကိုယ် Subscribe လုပ်တဲ့ Channel တွေပါ်မူတည်ပြီး Suggestion လုပ်လို့ learning path ကိုသေချာရွေးချယ်ပြီးမှ သွားရောက်လေ့လာစေချင်ပါတယ်)

အခုဆိုရင် အဓိက online learning website သုံးခုကိုသိသွားပြီဆိုတော့ ကိုယ်ဘာကိုလေ့လာမလဲဆုံးဖြတ်ပြီးအမြန်ဆုံးလေ့လာသင်ယူလိုက်ပါတော့လို့ပြောကြားရင်း…