Programming လေ့လာဖို့အကောင်းဆုံး websites 4 site

Senior Web Developer Ko Sithu Aung

ကျွန်တော်တို့ဒီနေ့မှာ Programming လေ့လာဖို့အကောင်းဆုံး website 4 ကိုဖော်ပြပေးလိုက်ပါတယ်။ အဲ့ဒီ့ website တွေကတော့...

FreeCodeCamp

FreeCodeCamp ကအခြေခံကနေပြီးတော့ Projects တွေရေးနိုင်အောင်ထိသင်ပေးပါတယ်။ နောက်ပြီးရင် 100% Free ဖြစ်ပါတယ်။ ပြီးရင် Community အားကောင်းတယ်။ နောက် FreeCodeCamp Blog ကလည်းအလုပ်လုပ်နေတဲ့ Developer တွေတောင်ဖတ်နေကြပါတယ်။ အခြေခံကနေစသင်ပြီးတော့ သင်ပေးလိုက်တာကိုချက်ချင်း implement လုပ်ရတာဖြစ်တဲ့အတွက် ပိုပြီး fun ဖြစ်ပါလိမ့်မယ်။

Codecademy

အရင်တုန်းကတော့ Codeacademy က Free ပါ။အခုတော့ Pro Upgrade လုပ်မှတစ်ချို့ lesson တွေဘဲပေးပါတော့တယ်။ Free မဟုတ်ပေမယ့်လည်း စတင်လေ့လာမယ့်သူတွေအတွက်အကောင်းဆုံး website တစ်ခုလို့မြင်ပါတယ်။ HTML/CSS/JavaScript ကအစ PHP/SQL/Ruby/Python/Java တို့ထိ interactive course တွေအနေနှင့်လေ့လာနိုင်ပါတယ်။

Laracasts

Laracasts ကတော့ Screencasts တွေကနေလေ့လာရတဲ့ website ဖြစ်ပါတယ်။ တစ်ချို့ series တွေကို Free ပေးထားပြီးတော့ Premium content တွေကိုကြည့်ချင်ရင်တော့တစ်လကို $9 ပေးရမှာဖြစ်ပါတယ်။ PHP/Laravel တင်မကဘဲ Tools တွေ JS နှင့် Code Kata တွေလိုမျိုးလည်း Laracasts ကနေလေ့လာနိုင်လို့ Programming လေ့လာဖို့အကောင်းဆုံး website တစ်ခုအဖြစ် share လိုက်ပါတယ်။

Udemy

Udemy ကလည်း screencasts တွေကနေသင်ကြားတဲ့ website တစ်ခုဘဲဖြစ်ပါတယ်။ Free coruses တွေအများကြီးရှိပါတယ်။ သင်ကြားသူတစ်ယောက်ထဲမဟုတ်ဘဲ Community လိုမျိုးဖြစ်တဲ့အတွက်ကြောင့် Course တွေဘာတွေဝယ်မယ်ဆို အင်တာနက်မှာ review အရင်ရှာဖတ်ပြီးမှဝယ်သင့်ပါတယ်။ AnyCouponCode ဆိုတဲ့ site ကနေ 100% discount ပေးတဲ့ coruse တွေကိုလည်းရယူနိုင်ပါတယ်။

အထက်ဖော်ပြပါ website တွေကတော့ Programming ကိုလေ့လာဖို့အကောင်းဆုံး website 4 ဘဲဖြစ်ပါတယ်။ အခုဒီ article ကိုဖတ်နေတဲ့သူတွေအနေနှင့် ဒီ list မှာမပါသေးတဲ့ website ရှိရင် share ပေးပါဦးနော်...