Laravel PHP Framework ကိုဘယ်လိုစလေ့လာမလဲ?

Senior Web Developer Ko Sithu Aung

ကျွန်တော်တို့ ဒီအပတ်မှာ Laravel PHP Framework ကိုဘယ်ကနေဘယ်လိုလေ့လာရမလဲ... မလေ့လာခင်ဘာတွေသိထားရမလဲဆိုတာတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

ပထမဆုံးသိထားရမှာက Laravel PHP Framework ကိုမလေ့လာခင် HTML/CSS/JS အခြေခံနှင့် PHP/OOP သိရမှာဖြစ်ပါတယ်။ ဒါတွေသိပြီဆိုရင် ပထမဆုံး Laravel Docs ကိုသေချာဖတ်ပြီးလေ့လာသင့်ပါတယ်။ ပြီးရင် Laracasts ရဲ့ Laravel Fundamental Series ကိုလိုက်လုပ်သင့်ပါတယ်။

ဒီနှစ်ခုပြီးတာနဲ့တော်တော်လေးအဆင်ပြေသင့်နေပါပြီ။ ကိုယ်ပိုင် CRUD သို့ Blog တစ်ခုလောက်လိုက်လုပ်နိုင်ဖို့အကောင်းဆုံးအခြေအနေရောက်နေပါပြီ။ ဒါကိုမှကိုယ်ကအဆင်မပြေသေးဘူးဆိုရင် Laravel 5.2 Docs ရဲ့ Tutorials က Basic Task List နှင့် Intermediate Task List ကိုလိုက်လုပ်သင့်ပါတယ်။ ဒီနှစ်ခုပြီးလို့မှကိုယ်ကဘယ်လိုမှအဆင်မပြေသေးဘူးဆိုရင် Laravel Code Smart ကိုဖတ်ပါ။

အဲ့လောက်လိုက်လုပ်ပြီးသွားပြီဆိုရင်အတော်လေးခရီးရောက်နေပြီလို့ပြောလို့ရပါတယ်။ ကိုယ်ပိုင် Project လေးတွေစမ်းရေးပြီး Error တွေဘာတွေတက်ရင် Laravel Myanmar Facebook Group မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်။ Member အားလုံးကသေသေချာချာလေးဝိုင်းဖြေပေးကြပါတယ်။

ကဲဒီလောက်ဆိုဘယ်ကနေစရမလဲဆိုတာပါပြီနော်...