DAVID HEINEMEIER HANSSON ( DHH )

DAVID HEINEMEIER HANSSON ( DHH )

အခု Inspire section မှာ ဖော်ပြပေးမည့်သူကတော့ DHH ဖြစ်ပါတယ်။

Ruby programming language ကို အခြေခံပြီး Ruby on Rails web framework ကို 2004 မှာ open source အဖြစ် release လုပ်ခဲ့ပါတယ်။ 2005 ခုနှစ်မှာ Google နှင့် O’Reilly မှ “Hacker of the Year” ဆုပေးပြီး အသိအမှတ်ပြုခဲ့ပါတယ်။ Basecamp မှာ CTO and Co-founder အဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။

Interviews and talks

Interview and talks တွေအနေနဲ့

Interview
Profitable startup company
Unlearn Your MBA

တို့ဖြစ်ကြပြီး တခြား talk တွေလည်းရှိပါသေးတယ်။

Ebooks

DHH ဟာ နာမည်ကြီး စာအုပ်တွေအနေနဲ့ Rework, office တွေဆိုတာ မလိုအပ်ဘူး ဆိုတဲ့Remote နဲ့ Getting real စာအုပ်တို့ကို Jason Fried နဲ့ ပူးပေါင်း ရေးသားပြီး Agile web development with rails စာအုပ်ကိုလည်းရေးသားခဲ့ပါသေးတယ်။

Developer, Programmer အများစုက coding ပိုင်းတွေကိုအားစိုက်လေ့လာကြရင်း Busiess ပိုင်းကို လေ့လာဖြစ်တာ နည်းကြပါတယ်။ Business စာအုပ်တွေဖတ်ရင်လည်း အများစုက ရေးနည်းရေးဟန် ရှုပ်တာတို့၊ မလိုအပ်ပဲ ချဲ့ကားရေးတာတို့က အနှောက်အယှက်ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အခုစာအုပ်တွေကတော့ Programmer တစ်ယောက်ရေးတာ ဖြစ်တဲ့ အတွက်လည်း ဖတ်ရတာ ပိုအဆင်ပြေပါတယ်။

Projects using Rails

Rails ကိုသုံးပြီး ရေးသားထားတဲ့ နာမည်ကြီး Projects တွေကတော့

  1. Basecamp
  2. GitHub
  3. Shopify
  4. Airbnb
  5. Twitch
  6. SoundCloud
  7. Hulu
  8. Zendesk
  9. Square
  10. Highrise
  11. Cookpad

တို့ဖြစ်ကြပါတယ်။

ဝါသနာ

DHH ဟာ ပြိုင်ကားပြိုင်ရတာကို အလွန်နှစ်သက်ပြီး Le Mans class-winning racing driver လည်းဖြစ်ပါတယ်။

နောက်ထက်အခုလို Inspire Article တွေကြည့်ချင်သေးတယ်ဆိုရင်တော့ MyanmarDevJobs ကိုမကြာခဏ လာကြည့်နိုင်ပါတယ်။